Chapter 32

415 88 4
                                    

Unicode

ကုပိုင်က ပိုက်ဆံရှာရခြင်းကို ဝါသနာထုံမှန်း သူသိသည်။ ထို့ကြောင့် ကုပိုင် လက်မခံမည်စိုးရိမ်သည့်အတွက် စျေးနှုန်းကိုပင် မြှင့်ပေးခဲ့သေး၏။ ကံကောင်းထောက်မစွာဖြင့် သူ ကုပိုင်ကို ယခင်က သာမန်ဧည့်သည်များထက် ကျသင့်ငွေအနည်းငယ်ပို၍ ပေးချေခဲ့သောကြောင့် သူတို့၏သဘောတူညီချက်တွင် သတ်မှတ်ထားသောစျေးနှုန်းသည် လက်မခံနိုင်လောက်အောင် မြင့်မားခြင်းမရှိပေ။

မျှော်လင့်ထားသည့်အတိုင်း ကုပိုင် စိတ်ကျေနပ်သွားသည်။

"ခင်ဗျားကြိုက်ရင် မနက်ဖြန် ခင်ဗျားအတွက် ကျွန်တော်ထပ်လုပ်ပေးမယ်" ကုပိုင်က သူ့အပြုံးကြီးကြီးကို တပ်ဆင်ထားဆဲဖြစ်၏။ သို့သော် စိတ်ထဲတွင်တော့ သူ့ဖောက်သည်များက သူ့ကို ဟင်းနှစ်ခွက်ချက်ခိုင်းလိမ့်မည်ဟု တွေးနေသည်။ ထို့ကြောင့် သူများများလုပ်ထားပြီး မနက်ဖြန် မုမုအတွက် သီးသန့်ချန်ထားနိုင်သည်။ ကျန်သည့်ပြဿနာက သူ့မနက်စာနှင့်ညစာသာ။

သူက တကယ့်ကို ကိုငွေခင်လေးပင်ဖြစ်သည်။

"ကောင်းပြီ" ကျွင်းမော့လင်က ကုပိုင် တွေးနေတာတွေကို အလွယ်တကူပြောနိုင်သော်ငြား သူအာရုံသိပ်မစိုက်ချေ။ ချက်ပြုတ်ထားသည့်အစားအသောက်က ကုပိုင်ချက်ပြုတ်တာဖြစ်သရွေ့ သူလျစ်လျူရှုထားမည်ပင်။ မည်သို့ပင်ဖြစ်စေ ဟင်းလျာအားလုံးက သူ့အပေါ် ကောင်းကောင်းအလုပ်ဖြစ်သောကြောင့်သာ။

ကုပိုင်က ကျွင်းမော့လင်ကို ရုတ်တရက်ကြည့်လာပြီး "ခင်ဗျား အရင်ကနဲ့မတူဘူးလို့ ခံစားရတယ်"

ကျွင်းမော့လင်က သူ့နှုတ်ခမ်းထောင့်ကိုသုတ်ရင်း စိတ်ရှုပ်မခံနေပါချေ။ "ဘာလို့လဲ?"

"အခုလည်း စကားများများစားစားမပြောပေမယ့် အရင်ကဆို ပိုစကားနည်းတယ် တစ်ယောက်နဲ့တစ်ယောက် စစဦးဆုံးတွေ့တုန်းက ခင်ဗျားအ,နေတယ်လို့တောင် ထင်ခဲ့တာ" ကုပိုင် ကျွင်းမော့လင်နှင့်စတွေ့သည့်နေ့ကို တွေးမိတော့ ရယ်ချင်သလို ခံစားလိုက်ရသည်။

လူတစ်ယောက်က ဒီလောက်ထိ တိတ်တိတ်ဆိတ်ဆိတ်နေနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားမိဘူး။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now