Chapter 30

451 88 2
                                    

Unicode

နောက်ဆုံးဂိမ်းတွင် ကုပိုင်သည် ၎င်း၏နွေဦးဖက်ထုပ်များနှင့်အတူ သူတို့ကို လေးလေးနက်နက် အထင်ကြီးမိစေခဲ့သည်။ ထို့အပြင် သူသည် ပထမအကြိမ်ရွေးချယ်မှု နှစ်ကျော့တွင် ရမှတ်အပြည့်ရခဲ့ပြီး တတိယအချီတွင်လည်း ပထမရခဲ့သည်။ ထို့ကြောင့် ဒါရိုက်တာများက သူ့ကို ပိုအာရုံစိုက်လာကြသည်။

ကုပိုင်က စနစ်တကျ ပြင်ဆင်နေ၏။ အပေါ်ယံဖြတ်ထားသော ကြက်ဖင်ဆီဘူးများနှင့် အသည်းများကိုလည်း အရွယ်အစားတူသည်အထိ လှီးဖြတ်လိုက်သည်။ ထို့နောက် အိုးကို အပူပေးကာ ဆီထည့်ပြီး ငရုတ်သီး၊ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ လှီးထားသောကြက်သွန်နီနှင့် အခြား အရန်ပစ္စည်းများကိုထည့်၍ အမွှေးနံ့များ ထွက်လာသည်ထိကြော်ကာ ကြက်ဖင်ဆီဘူးနှင့် အသည်းများကို ထည့်လိုက်သည်။

ယခုတစ်ခေါက် ချက်ပြုတ်နေသည့်ဟင်း၏ မွှေးရနံ့က ပျံ့နှံ့သွားတာ အလွန်မြန်သည်။ ငရုတ်သီးအနံ့သည် မွှန်နေပြီး တမူထူးခြားသော ကြက်သွန်နီ၊ ဂျင်းနှင့်ကြက်သွန်ဖြူတို့၏ ရနံ့ကြောင့် အနီးနားရှိ ပြိုင်ပွဲဝင်များ နှာချေနေသော်လည်း တစ်ချိန်တည်းတွင် အနံ့ခံချင်နေကြပြန်သည်။ ပရိသတ်အားလုံးကတော့ ရင်ခုန်နေကြပြီပင်။

[မွှတ်ထူပြီး စပ်တဲ့အနံ့က ဘာလဲ နှာချေပြီး မျက်ရည်ကျနေပေမယ့် မရှူပဲလဲမနေနိုင်ဘူး]

[အဲဒါက အနံ့ကောင်းတယ် အနံ့က သူလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ဖက်ထုပ်တွေထက်တောင် ပိုမွှေးတယ် စားဖို့မစောင့်နိုင်တော့ဘူး!]

[စပွန်ဆာတွေက ပွဲကို အစစ်အမှန်လက်တွေ့ကမ္ဘာမှာ ဘယ်အချိန်မှ ထုတ်လွှင့်မှာလဲ မြည်းကြည့်ချင်နေပြီ]

[အတည်ကြီးလား ကြက်သားရဲ့အတွင်းအင်္ဂါတွေကို စားဖို့ သတ္တိရှိတယ်လား  အနံ့ကောင်းမှန်းသိပေမယ့် စားလို့တော့မရနိုင်ဘူး ကြည့်လို့ကောင်းရုံသက်သက်ပဲ]

[ဟတ်ချိုးးး ဟတ်ချိုးးး နှာချေတာကို လုံးဝမရပ်နိုင်တော့ဘူး အစစ်အမှန်လို့တောင် သံသယဖြစ်မိတော့မယ် ငါ့မိဘတွေက ငါ့မှာ ရောဂါတစ်မျိုးမျိုး ရှိတယ်လို့ ထင်ပြီး ဆေးရုံကို ပို့ချင်နေကြပြီ သနားစရာငါလေးပါလား]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now