Unicode
Chapter 08
နောက်တစ်နေ့အစောပိုင်းတွင် ကုပိုင်သည် ပကတိကမ္ဘာသို့ တန်းသွားလိုက်၏။ မနက်ရှစ်နာရီ ဆိုင်ဖွင့်မည်ဟု မနေ့က ဖောက်သည်များကို ပြောထားသည်ဆိုတော့ သူတို့ရောက်မလာခင် ပစ္စည်းတွေ အရင်ဝယ်ပြီး ပြင်ဆင်ရမည်ဖြစ်သည်။
အစစ်အမှန်လက်တွေ့ကမ္ဘာတွင်၊ ကုပိုင်သည် နံနက်စာအတွက် ဆန်ပြုတ်နှင့် ကြက်ဥမွှေကြော် ပြုလုပ်နိုင်သော်လည်း ဒုတိယမြောက်ကမ္ဘာတွင်တော့ ကွဲပြားသည်။ အားလုံးက အစားအသောက်မြည်းစမ်းကြည့်ရန် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်၏။သူတို့သည် အစားအစာကို မျိုမချနိုင်သောကြောင့် သူတို့အား ကုပိုင် မလှုံ့ဆော်နိုင်ပါချေ။ ထို့ကြောင့် သူသည် အစားအသောက်က ပေါ့ပါးခြင်း ရှိ၊မရှိ စဉ်းစားရန် မလိုအပ်ပေ။ သူ့ဟင်းလျာများ၏အရသာက ဖောက်သည်များကို ဆွဲဆောင်နိုင်မည်လားဆိုတာကို စဉ်းစားရန်သာ လိုအပ်သည်။
ယခုတစ်ကြိမ်တွင် ကုပိုင်သည် ဝက်သားပြုတ်လွှာအစပ်၊ အညိုရောင်ဆော့စ်နှင့် ဝက်သားပြုတ်၊ ဝက်သားချိုချဥ်တို့၏ ရိုးရှင်းသောဗားရှင်းကို စာရင်းပြုစု၍ ဖော်ပြထားသည်။
သူတို့အားလုံးက ဘာလို့ရိုးရှင်းတဲ့ဗားရှင်းတွေ ဖြစ်နေရတာလဲ။
ကုပိုင်သည် ကမ္ဘာ့ဈေးဆိုင်တန်းတွင် သူလိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို မရရှိခဲ့သောကြောင့် ၎င်းတို့၏အရသာကို ပြီးပြည့်စုံစေရန် သင့်လျော်သောအမွှေးအကြိုင်များကို သူ့ဘာသာသူ ပြုလုပ်ရမည်ဖြစ်သည်။
အသားဟင်းအချို့အပြင်၊ ကုပိုင်သည် အထူးဖောက်သည်များအတွက် သက်သတ်လွတ်ဟင်းလျာအချို့ကိုလည်း စာရင်းဖော်ပြထားသည်။
အသားဟင်းသုံးမျိုး၊ သက်သက်လွတ်ဟင်းလျာသုံးမျိုးနှင့် ဆန်ပြုတ်သည် ယနေ့ဖွင့်ပွဲအတွက် သူပြင်ဆင်ထား သည့် အရာအားလုံးပင်။
စားသောက်ဆိုင်ငယ်လေးသည် အသစ်ဖွင့်ထားခြင်းဖြစ်ပြီး တည်နေရာမပြည့်စုံဟု ယူဆသောကြောင့်၊ ကုပိုင်သည် ယမန်နေ့က ဖောက်သည်အများအပြားဆီမှ ချီးကျူးခံခဲ့ရသော်လည်း အများကြီးမပြင်ဆင်ထားခဲ့ပေ။ လူအနည်းငယ်သာ လာခဲ့လျှင် စားစရာဖြုန်းတီးမှုဖြစ်သွားမည်ဖြစ်ပြီး ဒါကိုသည်းခံရန်အတွက် သူအရမ်းဆင်းရဲလွန်းနေ၏။
YOU ARE READING
ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်
RomanceEnglish name : The guide of how to be an interstellar tycoon Author name : Red-Tailed foxy boss Status in COO : 300 chapters