အပိုင်း ၃

997 125 18
                                    

"Boss Jeon! ဒီမှာ စာရင်းတွေအားလုံးရပါပြီ"

Ajax တင်ပြလာသည့် တက်ရောက်သူ လူစာရင်းတို့အား Boss Jeon က အသေးစိတ်စစ်ဆေးသည်။ ဗီဇက True Alpha ဆို သည့်အတိုင်း ဉာဏ်ရည်ကလည်း သာမာန်လူများထက် ထက်မြက် ကောင်းမွန်သည်။ လူတစ်ယောက်ကို ဖြတ်ခနဲ နှစ်ခေါက်လောက် မြင်ရုံနဲ့ မှတ်မိနိုင်သည်။ သို့သော်လည်း Rutဝင်ချိန်တုန်းက သူနဲ့ အတူရှိခဲ့သည့် ဂျီမင့်ကိုတော့ အလုံးစုံမမှတ်မိခဲ့။

Rutဝင်ချိန်က Alpha တို့အတွက် မိမိကိုယ်ကိုယ်ကိုယ် မထိန်း နိုင်ဆုံး အချိန်ဖြစ်သည်။ ထို့ကြောင့် မှတ်ဉာဏ်တွေဝေဝါးပြီး ရမ္မက် တွေနဲ့ရီဝေနေတဲ့အခါ ဂျီမင့် မျက်နှာ သေချာပုံမဖော်နိုင်တာ။

"Boss Jeon ရှာမတွေ့ဘူးလား"

"ငါ သူ့မျက်နှာ သေချာမမှတ်မိဘူး Ajax..."

"ကျွန်တော် ထင်လို့... CCTV မှတ်တမ်းယူလာခဲ့ပါတယ်"

Ajaxသည် အဲ့သလိုထက်မြက်ပြီး စေ့စပ်သည့်လူမျိုးဖြစ်သည်။ တစ်ခုခုဆို Jeon အသေးစိတ်အမိန့်ပေးစရာ မလိုအောင်ကို အလိုက်သိသူဖြစ်သည်။ ထို့ကြောင့် Jeon ၏ ညာလက်ရုံးဖြစ်နေတာပေါ့။

"CCTV ထဲမှာ ကြည့်ရတာတော့ သူအခန်းမှားဝင်တာ ဖြစ်လိမ့် မယ်။ သူကိုင်ထားတဲ့ အခန်းနံပါတ် 196 ကိုကြည့်ရင် သိနိုင်ပါ တယ်"

Jeonသည် computer screen ကို zoom ချဲ့ကြည့်လိုက်သည်။ Hotel တစ်ခုလုံးတွင် တပ်ထားသော CCTV များသည် အကောင်းဆုံး အရည်အသွေးတွေဖြစ်၍ Zoom ချဲ့ကြည့်လျင်တောင် သဲသဲကွဲကွဲမြင်ရသည်။ အမှန်ပင် omega ၏ လက်ထဲ တွင် ကိုင်ထားသော အခန်းသော့နံပါတ်သည် 196 ဖြစ်၏။

" သူ့ information တွေက ဒီမှာပါ "

Ajax သည် ထိုomega၏ information ကို ချက်ချင်း တင်ပြလာသည့်အခါ Boss Jeon ကျေနပ်သွားသည်။

"တော်တယ်"

"Park jimin၊ ၂၆နှစ်၊ အစမ်းခန့်ဝန်ထမ်းအဖြစ် MJ entertainment မှာ အလုပ်လုပ်နေ....ဘာမှမဟုတ်တဲ့ သေး နုံတဲ့ omega သာသာပဲ...သွားကြမယ်"

"ဟုတ်ကဲ့!"

Boss Jeon သည် အံဆွဲထဲမှ M&P 2.0 ကို ကုတ်အင်္ကျီ အတွင်းဘက်ရှိ အိပ်ကပ်ထဲ ထည့်လိုက်ပြီးနောက် omega ရှိရာသို့ ထွက်ခွာလေသည်။

THE ILLEGAL BABYWhere stories live. Discover now