အပိုင်း ၁၄

988 96 1
                                    


"ရှင် ကျွန်မသားကို လမ်းမှားရောက်အောင် မတွန်းပို့ပါနဲ့"

Mrs.Jeonသည် တင်းမာနေသော မျက်နှာထားဖြင့် Mr.Jeonနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူတို့ကြား ဘေးခုံတွင် Jeon ထိုင်နေသည်။ Jeon ပုံစံက အနည်းငယ် တည်ငြိမ်နေပြီး သိပ်ပြီး ခန့်မှန်းမရ။

ပတ်ဂျီမင် Mr.Jeonရဲ့အရိပ်အောက်တွင် ရှိနေသည့်အတွက် စိတ်ချနေသည်ဟုလည်း ဆိုနိုင်သည်။ ယခုသူ၌ ပူပင်စရာသည် ပတ် ဂျီမင် ပျောက်သွားခြင်းကို မဟုတ်ဘဲ စေ့စပ်ပွဲကို မည်သို့ လုပ်မည်ဆိုသည်ကိုသာ။

"ပတ်ဂျီမင် မွေးမယ့်ကလေးက ဆက်ခံသူပဲ...ငါဒီအချက်ကို လျစ် လျူရှု့ထားမှာမဟုတ်ဘူး။ ကျောက်စိမ်းရဲ့ အချက်ပြတာကိုကြည့် ရင် ပတ်ဂျီမင်က ဒီအိမ်တော်ရဲ့ သခင်မဖြစ်လာရမှာ"

"အဲ့ဒီ ဘာမှမဟုတ်တဲ့ ကျောက်စိမ်းကြောင့် ကျွန်မသားကို ရိုင်းစိုင်း နိမ့်ကျတဲ့ ပတ်ဂျီမင်နဲ့ ပေးစားရမှာလား။ ကျွန်မသားက သူမချစ် မနှစ်သက်တဲ့ လူနဲ့ လက်ထပ်ရမှာလား”

"အဟွန်း!"

Mr.Jeon က လှောင်ရယ်ရယ်သည်။

"မင်းရဲ့သား မချစ်မနှစ်သက်ဖူးတဲ့လား...အရူးသွားပြောရင်တောင် မယုံဘူး"

Jeon ၏ မျက်နှာ မှုန်ကုတ်သွားသည်။ Mr.Jeonရဲ့ ခနဲ့မှု့သည် Jeon ကို ခံပြင်းသွားစေတာဖြစ်သည်။

"ကျွန်တော် ပတ်ဂျီမင်ကို မချစ်ဘူး"

"ဒါဆို ဘာတွေ အသည်းအသန်ဖြစ်နေလဲ။ လွန်ခဲ့တဲ့ရက်က သူ ပျောက်သွားလို့ အရူးမီးဝိုင်းဖြစ်နေတာ မင်းမဟုတ်ဘူးလား"

"အဲ့ဒါ....အဲ့ဒါက ပတ်ဂျီမင်က ကိုယ်ဝန်နဲ့မလို့ သူ့ကိုစောင့်ရှောက် ရမယ့်တာဝန်ရှိလို့။ အကယ်၍ သူတစ်ခုခု ဖြစ်သွားရင် ကျွန်တော် အသုံးမကျလို့ဆိုပြီး သိက္ခာကျမယ်လေ"

စကားတစ်ခွန်းပြောလျှင် အမြဲ ပြတ်သားစွာပြောတတ်သော Jeon သည် ယခု၌ စကားတစ်ခွန်းပြောဖို့ကို ထစ်ငေါ့သွားလေသည်။ ထို သည်ကို Mr.Jeonရော Mrs.Jeon ရော သတိထားမိသည်။ Mrs.Jeon၏ မျက်နှာသည် သိသိသာသာကို ပျက်ယွင်းသွား သည်။

" ငါကတော့ ဘာမှ ပြောစရာမရှိဘူး။ Jeon မင်းရွေးချယ်ဖို့ပဲ လိုတာ"

THE ILLEGAL BABYWhere stories live. Discover now