အပိုင်း ၆

1.1K 138 10
                                    

ဂျီမင်အထုပ်အပိုးတို့ဖြင့် အောက်ဆင်းလာသည်ကို Net က မြင် တော့ အမြန်ပြေးလာပြီး အထုပ်ကို မ,ပေးသည်။

"သခင်လေး ဘယ်သွားမလို့လဲ"

"အိမ်ပြန်မလို့"

ဂျီမင့်မျက်ဝန်းတွေက နီရဲနေပြီး မျက်တောင်ဖျားလေးတွေဆို စိုနေ တုန်း။ Net က ဂျီမင်ငိုထားတာကို ရိပ်မိတော့ တားဖို့ခက်နေ၏။ Ajaxကလည်း ဂျီမင့်နားရောက်လာကာ..

"သခင်လေး ညလည်းနက်နေပြီမလို့ မပြန်ပါနဲ့လား။ မနက်ဖြန်...မနက်ဖြန် မနက်ကြမှ ပြန်ပါ့လား"

"အခုပြန်မှာ၊ ငါဒီအိမ်မှာ ဆက်မနေနိုင်ဘူး။ လူယုတ်မာနဲ့ ဆက်မနေ နိုင်ဘူး!"

ဂျီမင် Net လက်ထဲက အထုပ်ကို ပြန်လုတော့ Netကမပေး။ ဂျီ မင်က အတင်းဆွဲလုသော်လည်း Net က လုံးဝမပေး။ ထို့ကြောင့် ဂျီမင် မျက်စောင်းသာထိုးပစ်လိုက်သည်။

"သခင်လေးရယ် အခုက ညအရမ်းနက်နေပြီး တစ်ခုခုဖြစ်ရင် ဥက္ကဋ္ဌ ကြီးက ကျွန်တော်တို့ကို သတ်မှာ"

"ပြန်မှာ! လူကို မှိုချိုးမျှစ်ချိုးပြောပြီး နှိမ်နေတဲ့ အိမ်မှာ မင်းတို့ရော နေမှာလား...။ ငါကတော့ မနေနိုင်ဘူး။ ကျက်သရေတုံးရဲ့ မျက်နှာ ထပ်ကို မမြင်ချင်ဘူး"

ဂျီမင့်၏ ပုံစံက အရမ်းခံပြင်းကာ စိတ်ဆိုးနေတာမလို့ Net ရော Ajaxရော ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသည်။

"အထုပ်ပေးလို့ဆို!"

"အလေးအပင်တွေ မ မရဘူးတဲ့"

"အေး! အဲ့ဆို မင်းပဲ ယူထားလိုက်!"

ဂျီမင် Netကိုလည်း စိတ်ဆိုးကာ အော်လိုက်ပြီး အထုပ်တွေကို စောင့်လွှတ်ချလိုက်သည်။ အထုပ်တွေကို ယူမနေတော့ဘဲ အိမ်ပြင် သို့ ထွက်ရန် တံခါးဝနားသို့လျှောက်သွားတော့ Ajaxက ရှေ့ကနေ ပိတ်ကာ တားသည်။

"သခင်လေး မဖြစ်ဘူးလေ။ ညကြီးမင်းကြီး..."

"ဖယ်!!"

"တကယ် မဖြစ်လို့ပါဗျာ"

Netကလည်း အထုပ်တွေချကာ ဂျီမင်ရှေ့ပိတ်ကာ တားရသည်။ သူတို့မှာ သခင်လေး၏ အသားကိုတောင် မထိရဲတာမလို့ ဆွဲပြီး လည်းမတားရဲ၊ ခြိမ်းခြောက်ပြီးတော့လည်း မတားရဲ၊ ဆွဲပိတ်ပြီး တော့လည်း မတားရဲဘဲ ရှေ့ဆက်တိုးလာလေ သူတို့က နောက်ဆုတ် ရလေ၊ ဘေးသို့ရှောင်လေ ဘေးသို့ ကာရလေနဲ့ ရွှေစွန်ညို ကစားနေ သလိုပင်ဖြစ်နေချေသည်။

THE ILLEGAL BABYWhere stories live. Discover now