အပိုင်း ၄

1.1K 122 10
                                    

Jeon Jungkook ရဲ့ ကလေးကို ရပြီးနောက်ပိုင်း ဂျီမင့်ဘဝ က နေ့ချင်းညချင်း တစ်ဆစ်ချိုးပြောင်းလဲခဲ့တယ်။ ဘာမှမဟုတ်တဲ့ omega တစ်ယောက်အဖြစ်ကနေ ကြီးကျယ်ခမ်းနားတဲ့ Jeon အိမ်တော်ရဲ့ သခင်မအဖြစ်ကို ရောက်ရှိသွားခဲ့တယ်။

ဂျီမင်ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ပါ။ ဒါဟာ တကယ်ပဲ ဖြစ်သင့် ရဲ့လား။ အိပ်မက်တစ်ခုလား…။ ဂျီမင့်ရွေးချယ်မှု့ကရော မှန်ကန်ပါ့ မလား။ အတွေးတွေအများကြီးနဲ့ တွေဝေနေခဲ့ပြီး ဆုံးဖြတ်မရဖြစ်နေ ပေမယ့် ဗိုက်ထဲက ကလေးကိုတော့ ရအောင်မွေးမယ်ဟု ဂျီမင် အ ခိုင်းအမာ ဆုံးဖြတ်ထားပြီးသား။

ဂျီမင်လက်ရှိရောက်နေတဲ့ နေရာဟာ ဂျီမင်နဲ့ ထိုက်တန်ရဲ့လား။ Jeon အိမ်တော်က အကောင်းဆုံးတွေထဲကမှ အမြင့်ဆုံးအရာ တွေ.... ဂျီမင်တော့ အနိမ့်ဆုံး ဘာမှမဟုတ်တဲ့ omega..။ ဂျီမင် သည်နေရာမှာ နေရတာ မဝံ့ရဲမှု့များစွာရှိနေတယ်။ တခမ်းတနားဖြစ် လွန်း၍လား၊ ကြောက်ရွံ့မှု့တွေကြောင့်လား။

ဘဝဆိုတာ ဘယ်တော့မှ တစ်သမတ်တည်းမဖြစ်ဘူးဆိုတဲ့အတိုင်း ဂျီမင်ဘဝရဲ့ အပြောင်းအလဲတွေဟာ အရမ်းကြီးမားလွန်းခဲ့တယ်။ ဂျီမင်ဟာ တခမ်းတနားသော အရာများဖြင့် ရွှေပေါ်မြတင်မွေး လာခဲ့တာ...သို့ပေမယ့် ထို သူဌေးသားဘဝဟာ ၇နှစ်တာသာ ကြာရှည်ခဲ့ပါသည်။ အဖေ၏ အားနည်းချက်တွေကြောင့် ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီး ရှိသမျှဥစ္စာတို့ကုန်ခဲ့သလို ဘဝဟာ ချက်ချင်းပြုတ်ကျသွားခဲ့ရသည်။

၈နှစ်ဆိုတဲ့အသက်အရွယ်လေးကစလို့ ဂျီမင်ဟာ အထည်ကြီးပျက် ဘဝနဲ့ ယခုချိန်ထိရှေ့ဆက်ခဲ့သည်။ ဒီလိုနဲ့ ဂျီမင် အသက်၂၆နှစ် အရွယ်မှာ ထပ်ပြီး ဘဝကပြောင်းလဲခဲ့ပြန်တယ်။ သည်တစ်ခါ မှာတော့ ဂျီမင်ရောက်ဖူးသော အမြင့်ထက်ပိုပြီးမြင့်သော နေရာ ဖြစ်သည်။

ပိုမြင့်လေ ပြုတ်ကျတဲ့အခါ ပိုနာလေဆိုတဲ့အတိုင်း ဂျီမင် ကြောက် နေမိတာ ဖြစ်သည်။ ဂျီမင် ခမ်းနားမှု့တွေကို ကြောက်ပါသည်။

အတုအယောင်များလွန်းတယ်။ စစ်မှန်ခြင်းတွေ ရှားလွန်းတယ်။ သစ္စာဆိုတာလည်း ပိုက်ဆံနဲ့ ယှဉ်ရင် ပေါ့ပျက်ပျက်။ သရဖူဟာ ပို ကြီးလေ ပိုလေးလေ ပိုထိန်းသိမ်းရခက်လေပဲ။ မထိန်းသိမ်းနိုင်လျှင် အခိုးခံရနိုင်သလို ပြုတ်ကျပျက်ဆီးနိုင်သည်။ ချမ်းသာမှု့ဆိုတာ လည်း သည်လိုပါပဲ။ ချမ်းသာမှု့ရဲ့ဒဏ်ကို မခံနိုင်ရင်လည်း ရှုံးရပြန် တယ်။

THE ILLEGAL BABYWhere stories live. Discover now