အပိုင်း ၇

1.5K 143 10
                                    

"ငါ့ပါးကို လက်လွတ်စပယ်ရိုက်ပြီးရင် တန်ကြေးတော့ ပြန်ပေးဆပ် ရမှာပေါ့!"

ဂျီမင့် တစ်ကိုယ်လုံး အေးခဲသွားသည်။ Jeon Jungkook ဘာ လုပ်ချင်တာလဲ ဂျီမင် မစဉ်းစားတတ်ပေမယ့် နာကျင်ရမှာကိုတော့ အလွန်ကြောက်ပါသည်။

"လွှတ်ပေး....ကျွန်တော့်ကို လွှတ်ပေးပါ "

ဂျီမင် သူ့ကို တွန်းထုတ်သော်လည်း မရ။ နံရံနဲ့ သူ့ ကြား ပိတ်မိနေ တာမလို့ ဘေးကိုရှောင်သော်လည်း လူကိုပြန်ဆွဲပြီး နံရံမှာ ပြန်ဖီ ကပ်သည်။ ထို့နောက် ဂျီမင်ပါးသောင်ကို ညစ်ပြီး မျက်နှာကိုဆွဲ မော့သည်။

"အွန့်"

မထင်မှတ်ထားသော Jeon၏ လုပ်ရပ်ဟာ ဂျီမင့်ကို ငြိမ်ကျသွား စေသည်။ မျက်လုံးပြူးပြူးလေးနဲ့ ကျောက်ရုပ်လိုတောင့်ခံသွားတာ ကို အခွင့်ကောင်းယူကာ ဂျီမင့်ခါးကို ဆွဲပြီး နှုတ်ခမ်းတစ်ခုလုံးကို သိမ်းယူပစ်သည်။

Jeon Jungkook က ဂျီမင့်ကို နမ်းတယ်!! ဘယ်လိုလုပ် ဖြစ် နိုင်မှာလဲ။ တန်ကြေး ပြန်ယူမယ်ဆိုတာ ဒါလား!

ဂျီမင် သူ့ကို အားဖြင့်တွန်းထုတ်ပေမယ့် သူက လုံးဝမရွေ့။ ကျောက် ချထားသလိုမျိုး တောင့်တောင့်ကြီး။ ရှည်လျားတဲ့အရပ်ကြီးကြောင့် မော့နေရတဲ့ ဂျီမင့်မှာ ဇာတ်ကျိုးတော့မည်။ သူက ဂျီမင့် နောက်စေ့ ကို အုပ်ကိုင်ကာ အသံရှူရပ်မတတ်နမ်းသည်။

သူ ဘာလို့ နမ်းတာလဲ ဂျီမင်မသိ။ တစ်ချိန်တည်းမှာပဲ မသိုးမသန့် စိတ်ကြီးက ဝင်လာသည်။ ဂျီမင်က တတိယလူ... Jeon Jungkook ဟာ Amelia နဲ့ချစ်သူတွေ...အခုလို ဂျီမင်နဲ့ နမ်းလိုက်တာဟာ ဖောက်ပြန်သလိုပဲ မဟုတ်လား။ ဂျီမင် သူများ Alpha ကို လုယူတတ်တဲ့သူမဟုတ်။ စနှိုက်တတ်တဲ့သူလည်း မဟုတ်ဘူး။ အခု အခြေအနေဟာ Jeon Jungkook ရော ဂျီမင်ရောက မကောင်းတဲ့လူတွေ ဖြစ်သွားစေလိမ့်မယ်။

ဂျီမင်အားကုန်သုံးကာ Jeon Jungkook ကို တွန်းထုတ်လိုက် တော့ Jeon Jungkook က အနည်းငယ်ရွေ့သွားသည်။ ထို သည်ကို အခွင့်အရေးယူကာ ဂျီမင် သူ့လက်ထဲက ပြေးထွက်ပြီး ရေချိုးခန်းထဲပြေးဝင်၍ လော့ချလိုက်မိသည်။ ဂျီမင် တကယ် ထွက်ပြေးချင်မိသည်။ မွန်းကြပ်လွန်းလို့ပါ။

THE ILLEGAL BABYWhere stories live. Discover now