အပိုင်း ၁၅

1.4K 89 5
                                    

နေဝင်ချိန်ကို တဝကြီးရှု့စားပြီးနောက် ညည့်ဦးယံအချိန်၌ သူတို့ အိမ်ပြန်ရောက်ခဲ့သည်။ ညစာစားသောက်ပြီးနောက် အိပ်ချိန်လည်း ရောက်နေပြီဖြစ်၍ ဂျီမင် ကိုယ့်အခန်းထဲ ကိုယ်ဝင်သော်လည်း Jeon ကတော့ ကိုယ့်အခန်းထဲ ကိုယ်မဝင်ဘဲ ဂျီမင့်အခန်းထဲသို့ ဝင်သည်။

"ဘာလဲ...ကျွန်တော့်အခန်း ဘာလာလုပ်တာလဲ"

"လာတော့ ဘာဖြစ်လဲ"

"ကိုယ့်အခန်းကိုယ်ပြန်လေ"

"အခန်းက မပြင်ဆင်ရသေးဘူးလေ"

"အဲ့ဆို ကားပေါ်သွားအိပ်"

"ဒီမှာ အိပ်ရာတစ်ခုလုံး ရှိနေတာကို အပြင်မှာ သွားအိပ်ရအောင် ကိုယ်က အရူးလား"

"အဲ့ဒါ ကျွန်တော့်အိပ်ရာလေ"

"ဒီအိမ်က မင်းအိမ်လား ငါ့အိမ်လား"

ဂျီမင် မျက်မှောင်ကုတ်သွားသည်။ ဦးလေးကြီးသည် သူအနိုင်ရ သွားသည့်အခါ မျက်နှာကိုမော့ပြီး သူများအိပ်ရာပေါ်ဝင်လှဲသည်။ အိပ်ရာက သေးပါတယ်ဆို သူနဲ့အတူအိပ်ရအုံးမည်။

"အိပ်ရာက သေးတယ်။ ကြပ်လိမ့်မယ်"

သူက ဂျီမင့်ကို အိပ်ရာပေါ်ဆွဲချသည်။ ဂျီမင် အိပ်ရာပေါ်လဲကျ သွားတော့ သူ့လက်မောင်းကို ခေါင်းအုံးစေသည်။

"ဒီလိုအိပ်ရင် မကြပ်တော့ဘူး"

ဂျီမင် သူ့ကို မျက်စောင်းသေးသေးလေး ထိုးလိုက်သည်။ ဂျီမင့်ကို သူအသားယူချင်နေတာ မသိဘူးများ ထင်နေလားမသိ။

"ခင်ဗျား ကျွန်တော် ဒီမှာရှိတာ ဘယ်လိုသိလဲ"

"မင်းကမ္ဘာတစ်ဆုံး ပြေးစမ်းပါလိမ့် ငါတွေ့အောင် ရှာနိုင်တယ်"

"သိပါတယ်...သိပါတယ်။ ခင်ဗျားက တော်တယ်ဆိုတာ"

ခပ်ရွဲ့ရွဲ့ပြောလိုက်သည့်အခါ သူက ဟွန်းခနဲ ရယ်သည်။

"မင်းထက်တော်လို့ မင်းကလေးရဲ့အဖေဖြစ်နေတာပေါ့ကွာ"

"အဲ့မှာ ကိုယ့်ဘက်ကိုယ်ယှက်နေလိုက်"

ဂျီမင် သူ့လက်တွေကြားရုန်းတော့ သူက ဂျီမင့်ဂုတ်ပိုးကို ဖိနမ်းရင်း တစ်ကိုယ်လုံးကို သိုင်းဖက်ထားသည်။ရုန်းမရမှတော့ ဂျီမင်လည်း ရုန်းမနေတော့ဘဲ ငြိမ်သာ ငြိမ်နေလိုက်တော့တယ်။

THE ILLEGAL BABYWhere stories live. Discover now