အပိုင်း ၁၇

1.1K 86 2
                                    

"အဲ...အဲ့...အွဲးးးး"

ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသော ကလေးငိုသံလေး တစ်သံ...။ ကလေးလေးကို ချီ၍ ချော့သိပ်နေရသူမှာ မျက်နှာ အပျက်ပျက်။ မည်မျှ ပူပင်သောကရောက်နေကြောင်း သူ၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။

တစ်ဆက်တည်းမှာပဲ တဒေါက်ဒေါက်မြည်နေသော ဒေါက်ဖိနပ်သံ ထွက်ပေါ်လာသည်။ တဖြည်းဖြည်း ပိုကျယ်လာသော ဒေါက်ဖိနပ် သံကြောင့် ကလေးကို ချီထားသူ၏ မျက်နှာမှာ အနည်းငယ် လင်း သွား၏။ တံခါးဖွင့်သံက ကျွီခနဲ…။

"ဘာလို့ အခုမှ လာတာလဲ။ ငါဘယ်လောက် ဒုက္ခရောက်နေလဲ သိ လား"

တံခါးနားမှာ ရပ်နေသော သူမက စိတ်ညစ်ညူးစွာဖြင့် စုတ်သတ် လိုက်သည်။ နီရဲရဲ တစ်လသားလေးကိုကြည့်ရင်း သူမ၏ မျက်နှာ ပို ပြီး ပျက်ယွင်းလျက်။

"ကျစ်! တစ်ခါတည်း သတ်လိုက်ပါလို့ ပြောသားပဲ!"

ကနဦးကတော့ ပတ်ဂျီမင် လစေ့လို့ မွေးဖွားဖို့ ခွဲခန်းဝင်တာနဲ့ တစ်စုံတစ်ရာမှားယွင်းမှု့ကြောင့် ကလေးအသက်ဆုံးသွားတယ် ဟုလိမ်ညာပြီး ကလေးကို သတ်ပစ်လိုက်ဖို့ ကြံရွယ်ထားတာ ဖြစ်သည်။

ကံကြမ္မာက ကနဦးက မပိရိသောသူမ၏ အစီအစဉ်အား ပိုပြီး ပိရိ သွားအောင် ဖန်တီးပေးလာ၏။ ပတ်ဂျီမင်က ရုတ်တရက် လှေကား ပေါ်မှ လိမ့်ကျသတဲ့...။ သည်အချက်က ကလေးကို သေသွားတယ် လို့ လိမ်ညာဖို့အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်လာတာ ပေါ့။

ကံမကောင်းတာ တစ်ချက်က အဲ့ဒီအချိန်မှာ သူမက အမေရိကား ကို ရောက်နေတာ ဖြစ်တယ်။ ဒါ့ကြောင့် ကိစ္စအားလုံးကို ဆရာဝန် ဖြစ်တဲ့ သူမ၏ ဦးလေးဆီကို အပ်လိုက်ရတယ်။ ကိုယ်ဝန်ဆောင် မတော်တဆဖြစ်လာပြီဆို မွေးဖခင်နဲ့ ကလေး နှစ်ယောက်ထဲက တစ်ယောက်ကတော့ အသက်ဆုံးရှုံးနိုင်တယ်။ ဒီတော့ ဦးလေးက သူတို့ကို ကလေးနဲ့အဖေ တစ်ယောက်ကို ရွေးခိုင်းခဲ့ပြီး နှစ်ယောက် ထဲက မရွေးခဲ့တဲ့ တစ်ယောက်ကို လက်စတုံးပစ်ဖို့ ကြံခဲ့တယ်။

ပတ်ဂျီမင် သေသည်ဖြစ်စေ ကလေးသေသည်ဖြစ်စေ သူမအတွက် က ဆုလာဒ်တစ်ခုပဲ။ ကလေးသေရင် ပတ်ဂျီမင်က စွန့်ပစ်ခံရမယ်။ ပတ်ဂျီမင် သေရင်တော့ ကလေးရဲ့အမေနေရာ သူမဝင်ယူလိုက်ရုံပဲ ပေါ့။ မထင်မှတ်ထားတာက Jeon က ပတ်ဂျီမင်ကို ရွေးချယ်ခဲ့သတဲ့လေ။

THE ILLEGAL BABYWhere stories live. Discover now