အပိုင်း ၈

1.2K 115 2
                                    

Amelia သည် ဧည့်သည်များကို ဧည့်ခံနေရင်း လှေကားပေါ်မှ ဆင်းလာသော Jeonကို မြင်သည့်အခါ နူးညံ့စွာပြုံး၍...

"Jeon လာပြီ"

Jeon သည် ဂျိုင်းပြတ်အင်္ကျီတစ်ထည်ကို Style plantsဖြင့် တွဲဝတ်ထားပြီး ပေါ့ပါးစွာ။ အနက်ရောင်ကိုင်းနှင့်မျက်မှန်ကိုလည်း တပ်ဆင်ထားရာ သူ၏ ခံ့ညားမှုဟာ တစ်မျိုးတစ်ဖုံ လူငယ်ဆန်နေ၏။

"ရောက်နေတာကြာပြီလား"

Jeon က အရင်စကားစလိုက်သည့်အခါ ထို ဧည့်သည်များက ပြာပြာသလဲ ပြန်ဖြေကြသည်။

"မကြာသေးပါဘူးဗျာ"

Jeon ၏ အရှိန်အဝါက အဲ့ဒီလို။ Jeonက ဘယ်သူ့ကိုမှ ရိုရိုကျိုးကျိုး မဆက်ဆံသလို ဘယ်သူ့ကိုမှ ဖော်ရွေ ခြင်းမရှိ။သို့သော်လည်း Jeonနဲ့ အလုပ်လုပ်ချင်သူက များသည်။ အကြောင်းမှာ Jeon က လုပ်ငန်းလုပ်ကိုင်ရာတွင် ထက်မြက်ပြီး လုပ်သမျှလုပ်ငန်းတိုင်း အောင်မြင်နှုန်းမြင့်သောကြောင့် ဖြစ်သည်။

"Jeon သံပုရာရည် သောက်အုံးမလား။ တစ်ခွက်ပိုသေးတယ်"

"...."

Jeon သည် ပြန်မဖြေလေဘဲ Amelia ကမ်းပေးသော သံပုရာရည်ခွက်ကိုယူကာ အနည်းငယ်မော့သောက် လိုက်သည်။

"လုပ်ငန်းကိစ္စ ပြောကြတာပေါ့"

Jeon သည် Amelia ကမ်းပေးသော သံပုရာရည်ခွက်ကိုယူကာ အနည်းငယ်မော့သောက် လိုက်သည်။

"လုပ်ငန်းကိစ္စ ပြောကြတာပေါ့"

Jeon သည် ဧည့်သည်တွေရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက် ပြီးနောက် Amelia ကို တစ်ချက်ကြည့်သည်။ Amelia ဟာ ထွက်မသွားဘဲ ရပ်နေသေးတာကြောင့် Jeon ၏ မျက်ခုံးတို့ တွန့် ချိုးသွားသည်။

"CEO Jeon က omega ချောချောလေးရထားတာဆိုတော့ ဂုဏ်ပြုပါတယ်ဗျာ"

"ဂုဏ်ပြုဖို့က စောပါသေးတယ်။ လက်မထပ်ရသေးဘဲ ရထားတယ် လို့ ဘယ်ပြောလို့ရမလဲ"

"ဒါဆိုရင် လက်ထပ်ဖို့ရွေးချယ်သင့်ပြီနော်။ ဘယ်လိုပဲ ကလေးရှိရှိ CEO Jeon လို လူမျိုးက ကိုယ်နဲ့အဆင့်အတန်းတူတဲ့ omega ရွေးရမှာပေါ့"

"မိန်းကလေး Ameliaဆို သိတတ်လိမ္မာ ပါးနပ်ပြီး အချက်အပြုတ်ကလည်းတော်...ကျန်တာဘာမှတောင်မလိုဘူး"

THE ILLEGAL BABYWo Geschichten leben. Entdecke jetzt