အပိုင်း ၁၂

1.4K 116 5
                                    

နေ့စဉ်ပုံမှန်ပြုလုပ်နေကြဖြစ်သော ကုမ္မဏီကိစ္စအဝဝသည် Jeon ကို မအားမလပ်စေသော အဓိကအကြောင်းအရင်းများပင်ဖြစ်သည်။ silent လုပ်ထားသော ဖုန်းလေးမှ တဒီးဒီးတုန်ခါနေသည်ကို လည်း Jeon သတိမထားမိသေးချေ။ စာရင်းဖိုင်များကြားတွင် Computer နှင့်အလုပ်ရှုပ်နေသည်မှာ ပတ်ဝန်းကျင်ကိုတောင် မေ့သည်အထိ။

"Boss Jeon...မမလေး Amelia က တွေ့ခွင့်တောင်းနေပါ တယ်"

"မအားဘူးလို့ပြောလိုက်"

Ajax က Boss Jeon ၏စကားအတိုင်း Amelia ကို သွား ပြန်ပြောပြီးနောက် Boss Jeon ဆီ ပြန်လာပြန်သည်။

"Boss Jeon...သခင်လေးပျောက်သွားတယ်လို့ မမလေးက ပြောပါတယ်"

Boss Jeon ၏ လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားသည်။ မူလ ကြည်လင်နေသော မျက်နှာသည် ညစ်နွမ်းသွားသကဲ့သို့။

"ဝင်လာခိုင်းလိုက်"

Ajax ထွက်သွားပြီးနောက် Amelia က ရုံးခန်းထဲ ဝင်လာ သည်။ သူမ၏ မျက်နှာသည် ညှိုးငယ်နေပြီး အလွန် အားငယ်နေ သလို။ သူမက Jeon အလုပ်စားပွဲရှေ့သွားကာ စိုးရိမ်နေသော မျက်နှာလေးဖြင့်...

"ဂျီမင် ပျောက်သွားတယ် Jeon

"ဘယ်လိုပျောက်သွားတာလဲ]"

Jeon ရဲ့ လေသံက မာနေပြီ။ ဒေါသထွက်နေကြောင်း သူ့မျက်ဝန်း တွေကို ကြည့်လျှင် သိပ်သိသာ၏။

"Amelia နဲ့ အတူဈေးဝယ်ထွက်ရင်း ဂျီမင်က သူသွားနှင့်မယ်ဆို ပြီး ထွက်သွားတာ။ အဲ့ဒါနဲ့ Amelia လည်း သူငယ်ချင်းတွေဆီ ဝင်ပြီး တစ်ယောက်တည်း ပြန်ခဲ့လိုက်တယ်။ အိမ်ပြန်ရောက်တော့ ဂျီမင်က မရှိဘူး။ အိမ်ကလူတွေ မေးကြည့်တော့လည်း ဂျီမင်ပြန်မလာဘူးတဲ့"

"Net မပါဘူးလား"

"ဂျီမင်က တစ်ယောက်တည်းသွားချင်တယ်ပြောလို့ Net ကို အိမ် မှာနေခဲ့ဖို့ ပြောခဲ့တာ ပြီးတော့ ဂျီမင်က Jeon ကိုရဲတိုင်လို့ရလား လို့လည်းမေးတယ်။ Jeon ပေးထားတဲ့ black cardကိုလည်း သူမသုံးချင်ဘူး လွှတ်ပစ်မယ်လုပ်နေလို့ Amelia တားလိုက်ရ တာ...ဒီမှာ..."

Black card ကိစ္စသည် Jeon မာနကို ထိုးစွဖို့အကောင်းဆုံး လက်နက်ဖြစ်သည်။ ပတ်ဂျီမင်လို ဘာမှမဟုတ်တဲ့ omega က ကြီးကြီးကျယ်ကျယ်နဲ့ Jeon ကို မထီမဲ့မြင်ပြုတာဟာ Amelia သည် black card ကို Jeonရှေ့ပြင်သာအောင် ချပေးပြီး ပြောဖို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေပုံရသည်။

THE ILLEGAL BABYWhere stories live. Discover now