အပိုင်း ၉

1.5K 134 7
                                    

သူ့ပေါင်ပေါ်လာထိုင်သည့် omega လေးကြောင့် Jeon အနည်းငယ် အံ့ဩသွားသော်လည်း ခပ်ထေ့ထေ့ပြုံးကာ ခါးလေး ကို လက်တစ်ဖက်ဖြင့် ပြန်ပွေ့ဖက်လိုက်သည်။ ခါးလေးက သူ့လက် တစ်ပွေ့စာသာရှိပြီး အင်္ကျီခါးမှာ အပေါက်ဖောက်ထားသောကြောင့် အသားအိအိလေးကိုပင် ထိခွင့်ရလိုက်သည်။

ဒီအခါမှာတော့ တစ်ပြန်တောင့်တင်းသွားသူမှာ omega လေး ဖြစ်သည်။ Jeon၏ လက်က သူ့ခါးအသားကို ဖိကိုင်ထားတာမ လို့ သူမနေတတ်စွာဖြင့် ထိုလက်ကို ဖြုတ်ချဖို့ ကြိုးစားမိသည်။ သို့သော် အချည်းနှီးသာ။

"လက်ဖယ်"
"မင်းငါ့အပေါ် ထိုင်တော့ ကောင်းသလားကွ"

"ကျွန်တော်ထိုင်ခုံ ဘယ်သူယူသွားလဲ ကြည့်လေ..."

ထိုအခါမှ Jeonသည် ထိုင်ခုံမှာ နေရာသတ်မှတ်ထားမှန်း ရိပ်မိ သွားပြီး ပြုံးစစနဲ့ ဂျီမင့်ကိုပြောသည်။

"ဘာလဲ...ရုတ်တရက်ကြီး ငါ့ကိုမြူဆွယ်ချင်လာတာလား..."

"အံ့ဩစရာပါလားနော်..."

"ငါ့ပါတနာနေရာက ဘယ်လောက်ဩဇာရှိလဲ သိပြီလား။ ဒါပေမယ့် ကိုယ်က အဲ့လောက်မလွယ်ဘူးနော် ကလေး...မင်းမြူဆွယ်တာ လောက်ကတော့ ပက်ကျိ ကိုယ်ပေါ်တက်နေသလောက်ပဲ ရှိတယ် သိလား"
"အမလေး...ဦးလေးကြီးနော် ကျွန်တော်တကယ်သာ မြူဆွယ်လိုက် ရင် ရုတ်တရက် အသက်ပါထွက်သွားမယ်"

"လုပ်ကြည့်လိုက်စမ်းပါ....ကိုယ်တော့ မယုံဘူးနော်"

"အခုလောလောဆယ် ကျွန်တော့်ခါးကိုကိုင်နေတာ ဖယ်လိုက်ပါ ဦးလေးကြီး....အသားအရမ်းယူတာပဲ"

"ကိုင်ချင်လွန်းလို့များထင်နေလား"

"မကိုင်ချင်ဘဲ ကိုင်နေတယ်ပေါ့ ဟုတ်လား...အဟွန်း ကိုင်များကိုင် ချင်ရင် ပတ်ဂျီမင်မှာ အရိုးတောင်ကျန်ပါ့မလား"

မဲ့ကာရွဲ့ကာဖြင့် စွာစိနေအောင်ပြန်ပြောနေသည့် omega လေးကို ကြည့်ရင်း Jeon သူ့ခါးကို ခပ်တင်းတင်းဆွဲဖက်ပစ်လိုက်သည်။ စိတ်ရှိလက်ရှိသာဆို ဆွဲကိုက်ပစ်ပြီးလောက်ပြီ။

"ဘယ်လိုလဲ တစ်ခါလောက် မြူဆွယ်ကြည့်မလား"

"တော်ပါ...ခင်ဗျားက ကျွန်တော့် style မဟုတ်ပါဘူးနော်"

THE ILLEGAL BABYWhere stories live. Discover now